// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အောက်တိုဘာလ ၂၇ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိအားကစားခန်းမတို့၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။

နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် မျိုးဆက်သစ် လူငယ်အနုပညာရှင်များကို ဖော်ထုတ်ပျိုးထောင်ပေးရန် ရည်ရွယ်ကျင်းပလျက်ရှိသော အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်ရာနေရာများသို့ သမ္မတနှင့်ဇနီးတို့ သွားရောက်၍ ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုများကို ရင်းရင်းနှီးနှီး ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာအပေါ် ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနှင့် ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာ
Next post မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး၊ မဟာဓာတ်အားလိုင်းနှင့် Smart Grid ဖွံဖြိုးရေး ပူးပေါင်းမည်