// | DailyBriefNews မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး၊ မဟာဓာတ်အားလိုင်းနှင့် Smart Grid ဖွံဖြိုးရေး ပူးပေါင်းမည် -

မြန်မာ-ဘယ်လာရုစ် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap လက်မှတ်ရေးထိုး၊ မဟာဓာတ်အားလိုင်းနှင့် Smart Grid ဖွံဖြိုးရေး ပူးပေါင်းမည်

အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် အကြိမ် ၃၀ မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ရန် အောက်တိုဘာ ၂၆ ရက်တွင် ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂၇ ရက်တွင် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံဆွေးနွေးမှုများအရ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး Roadmap on Cooperation ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ လမ်းပြမြေပုံတွင် မဟာဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာ၌ လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ Smart Power Generation နှင့် Smart Grid စနစ်များ ဖွံ့ဖြိုးလာစေရန် နည်းပညာအကူအညီပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကို တက်ရောက်ကြည့်ရှုအားပေး