// | DailyBriefNews တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိဟု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ -

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိဟု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ

အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၆

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ဒေသတွင် အောက်တိုဘာလ ၂၂ ရက်ညက ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

မြေမျက်နှာပြင်အောက် ကီလိုမီတာ ၁၀ အနက်တွင် လှုပ်ခတ်ခဲ့သော အဆိုပါငလျင်ကြောင့် ဒေသတွင်း လူနေအိမ် အနည်းဆုံး ၃၃၉ လုံးနှင့် တိရစ္ဆာန်မွေးမြူရေးခြံ အဆောက်အအုံ ၂၀ ပြိုကျပျက်စီးခဲ့ပြီး လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်သွားခဲ့သည်။

ဤငလျင်သည် ဟိမဝန္တာတောင်တန်းဒေသရှိ ဝေးလံခေါင်သီသော တိဘက်တွင် လွန်ခဲ့သည့် ၅ နှစ်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး တာဝန်ရှိသူများက ကယ်ဆယ်ရေးနှင့် ပျက်စီးဆုံးရှုံးမှု ဆန်းစစ်ရေးလုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မင်းသမီးကိုယ်တိုင် ဆုချီးမြှင့်ပေးခဲ့ပြီး စပိန်ဘုရင်ကြီးကပါ မတ်တတ်ရပ် လက်ခုပ်တီးဂုဏ်ပြုခဲ့ရတဲ့ မက်ဆီ