
ငလျင်ဒဏ်ကြောင့် ရာဇဌာနီလမ်းမကြီးပေါ်ရှိလမ်းပျ-က်စီးနေရာများကို Regulating Course Mix Design ဖြင့်ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ရာဇဌာနီလမ်းမကြီးပေါ်မှ လမ်းပျ-က်စီးနေရာများအား နည်းပညာအသစ်ဖြစ်သည့် Regulating Course Mix Design ဖြင့် ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြန်လည်အဆင့်မြှင့်တင်ပြုပြင်နေမှုများဖြစ်သည့် ရာဇဌာနီလမ်းမကြီးပေါ်ရှိ ပန်းခင်းလမ်းမီးပွိုင့် လမ်းဆုံမှ ကုမုဒြာကြာပန်းအဝိုင်းအထိ ကွန်ကရစ်လမ်းပျ-က်စီးမှုအား စက်ယန္တရားများအသုံးပြု၍ ကျောက်ကတ္တရာခင်းနေမှုများကို ကာကွယ်ရေးဦး စီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးနှင့်တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ လမ်းရေရှည်တည်တံ့ကောင်းမွန်ရေး၊ သတ်မှတ်အချိုးအစားများပြည့်မီမှုရှိစေရေးကို စနစ်တကျဆောင်ရွက်ရန်၊ လမ်းကြိတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းသားညီညာမှုရှိစေရေး နှင့်သိပ်သည်းမှုရှိစေရေး လမ်းကြိတ်စက်များအား သတ်မှတ်မောင်းနှင်ရမည့်နှုန်းထားအတိုင်း မောင်းနှင်ရန် မှာကြားသည်။
လမ်းပြုပြင်ခြင်းအား Regulating Course Mix Design ဖြင့်ဆောင်ရွက်နိုင်ရန် မူလနိုင်လွန်ကတ္တရာ Mix Design မှ ကတ္တရာပါဝင်မှုနှုန်းနှင့် ဘိလပ်မြေပါဝင်မှုတို့ကိုလျှော့ချ၍ Design စမ်းသပ်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ Design ပြုလုပ်ထားသည့်အချိုးအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန နိုင်လွန်ကတ္တရာ Lab ခန်းတွင် နမူနာ Mould (၂)တုံးပြုလုပ်၍ Marshall Testing Machine စက်ဖြင့် Stability နှင့် Flow အားစမ်း သပ်ခဲ့ရာ သတ်မှတ်စံနှုန်းများအတွင်းရရှိစမ်းသပ်မှုအောင်မြင်ခဲ့သည်။

ထိုသို့ အဆင့်ဆင့်စမ်းသပ်ခဲ့ပြီးနောက် ယခု လမ်းပိုင်းအား Regulating Course Mix Design ဖြင့် ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပြီး Regulating Course Mix Design ဖြင့် လမ်းလွှာခင်းခြင်းလုပ် ငန်းများဆောင်ရွက်ပါက (၂)လက်မထု၊ (၁၂)ပေ အကျယ်၊ (၅၂၈၀)ပေ(၁မိုင်)လျင် ဘိလပ်မြေ(၁၈ ဒသမ ၄၄)တန်(၃၆၈)အိတ်နှင့် ကတ္တရာ(၆ ဒသမ ၁၅)တန်(၃၃ ပေပါ)သက်သာမည်ဖြစ်သည်။