
(၅-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၅-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ -၂ဝ၂၅ သို တက်ရောက်အမှာစကားပြောကြား
၂။ တည်ထောင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဆက်လက်လျှောက်ထား
၃။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသူများကို အရေးယူဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြောကြား
၄။ မြန်မာနိုင်ငံခြားရေးဝန်ကြီးက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် တိုကို နေပြည်တော်၌ သီးခြားစီလက်ခံတွေ့ဆုံ
၅။ တစ်နှစ်ခွဲအတွင်း မှတ်ပုံတင်လျှောက်ထားလာသည့် အွန်လိုင်းစျေးရောင်းဝယ် လုပ်ကိုင်သူနှစ်သောင်း ကျော်ရှိ
၆။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် မြန်မာနိုင်ငံ၏ တုံပြန်ချက်
၇။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်များအလိုက်ကျင်းပ
၈။ ဇူလိုင်လ ၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၅ ကျပ်၊ Octane 95 – ၃၀၇၅ ကျပ်၊ Diesel – ၂၆၃၅ ကျပ်၊ Premium Diesel – ၃၂၆၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဂျပန်မှာ အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်
၂။ အနောက်ဖက်ကမ်းဒေသတစ်ခုလုံးကို အပြီးသိမ်းဖို နေတန်ယာဟုကို အမတ်တွေ တောင်းဆို
၃။ ရုရှားက အာဖဂန်တာလီဘန်အစိုးရကို အသိအမှတ်ပြုလိုက်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်လာ
၄။ ဘလောက်တုံးတစ်ခုပေါ်တွင် အခြားဘလောက်တုံး (၃၀ဝဝ) ကျော်ကို စီပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် တရုတ်အမျိုးသား
၅။ ထရမ့်နှင့်အချင်းများပြီးနောက် အီလွန်မက်စ်နိုင်ငံရေးပါတီသစ်တစ်ခုထူထောင်သွားမည်ဟုပြော
၆။ လစ်ဗျားမှာ ရေနံတူးဖော်ခွင့်တင်ဒါကို ပထမဆုံး စခေါ်ပြီ
အားကစားသတင်းများ
၁။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားသို တက်ရောက်
၂။ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဘာရိန်း လက်ရွေးစင်အသင်းတို ခြေစစ်ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်
၃။ ဂျော့ရှူဝါဗန် ကို အားပေးစကားတွေ ပြောလိုက်တဲ့ မိုးဟေကို
၄။ AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို ယှဉ်ပြိုင်ကစားရမည်
၅။ ဂျိုတာနဲ့အတူ ထာဝရအိပ်စက်အနားယူသွားပြီဖြစ်တဲ့ ကျောနံပါတ် ၂၀
အနုပညာသတင်းများ
၁။ အနုပညာရှင်တချို TikTok ဆော့၊ ပေါကြောင်ကြောင်လုပ်နေတာ ဂုဏ်ယူစရာလိုထင်ရင်တော့ အနုပညာအဆင့်နိမ့်အောင်လုပ်ကြတယ်လို ထင်တယ် ဆိုတဲ့ နိုင်ဇော်(ဂီတမှူး)
၂။ ဟဲလေးကို ကြီးပါစေ၊ မာပါစေ၊ ရှည်ပါစေလို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ထွန်းထွန်း
၃။ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်မှုတွေပါဝင်တဲ့ “သူငယ်ချင်းတို အိမ်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်