// | DailyBriefNews နိုင်ငံတော်သမ္မတထံ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ လာရောက်ဂါရဝပြုတွေ့ဆုံ -

နိုင်ငံတော်သမ္မတထံ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ လာရောက်ဂါရဝပြုတွေ့ဆုံ

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၆

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြပါတယ်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေး ရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေး ကဏ္ဍများတွင် ပါဝင်လိုပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထို့ပြင် သာမန် အရပ်သားပြည်သူများကဲ့သို့လည်း ဥပဒေ အကာအကွယ်ဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်သွားနိုင်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြား
Next post CNN၊ MS NOW နှင့် Politico သတင်းထောက်များကို အိမ်ဖြူတော် ဝင်ရောက်ခွင့် ပိတ်ပင်မှု တရားဥပဒေ ဖောက်ဖျက်ခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် တရားသူကြီး ဆုံးဖြတ်