// | DailyBriefNews နိုင်ငံတော်သမ္မတ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြား -

နိုင်ငံတော်သမ္မတ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Video Message ဖြင့် မိန့်ခွန်းပြောကြား

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက Video Message ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှု မဟုတ်ဘဲ အဆိုပါဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည်ဟူသည့် သဘောထားကို အလေးထားရန် လိုအပ်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအတွက် ဆုံးရှုံးနစ်နာမှုများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများကို ထိခိုက်စေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ထို့ပြင် ငြိမ်းချမ်းရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅.၁၀.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post နိုင်ငံတော်သမ္မတထံ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ လာရောက်ဂါရဝပြုတွေ့ဆုံ