CNN၊ MS NOW နှင့် Politico သတင်းထောက်များကို အိမ်ဖြူတော် ဝင်ရောက်ခွင့် ပိတ်ပင်မှု တရားဥပဒေ ဖောက်ဖျက်ခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် တရားသူကြီး ဆုံးဖြတ်

အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က CNN၊ MS NOW နှင့် Politico သတင်းဌာနမှ သတင်းထောက်များကို အိမ်ဖြူတော်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ရန် ကြိုးပမ်းခဲ့ခြင်းသည် တရားဥပဒေ ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း ဖက်ဒရယ် ခရိုင်တရားသူကြီး Timothy Kelly က အင်္ဂါနေ့တွင် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ သတင်းဌာနများ၏ အိမ်ဖြူတော် ဝင်ထွက်ခွင့် အမိန့်ကို သက်တမ်းတိုးပေးခဲ့သည်။ အဆိုပါ စီရင်ချက်အရ ယာယီတားမြစ်မိန့် (Preliminary Injunction) ထုတ်ပြန်ခဲ့သဖြင့် တရားစွဲဆိုမှုကို အပြီးသတ် စီရင်ချက် မချမီအထိ သတင်းထောက်များ အိမ်ဖြူတော်အတွင်း ဝင်ရောက်ခွင့် ဆက်လက် ရရှိနေမည် ဖြစ်ပါတယ်။
တရားသူကြီး Kelly က ထရမ့်ပ်၏ လူသိရှင်ကြား ပြောဆိုချက်များအရ သတင်းဌာနများကို ပိတ်ပင်ခဲ့ခြင်းသည် တရားရေးဌာနက စကားနာထိုး ပြောဆိုသကဲ့သို့ အမျိုးသား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် မဟုတ်ဘဲ မတရားသည့် သဘောထားအမြင်အပေါ် အခြေခံကာ ခွဲခြားဆက်ဆံခြင်း ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ သတင်းဌာနများ၏ ရှေ့နေဖြစ်သူ Theodore Boutrous က ယခု ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး အစိုးရအဖွဲ့၏ ပိတ်ပင်မှုသည် ပထမပြင်ဆင်ချက် ဥပဒေ (First Amendment) ပါ သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူတစ်ရပ်လုံးကို ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့်ပ် အစိုးရအဖွဲ့ကမူ အဆိုပါ ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် အယူခံဝင်ခဲ့ပြီး အိမ်ဖြူတော် အရာရှိတစ်ဦးက သတင်းဌာနများ၏ လိမ်ညာမှုများသည် ဒီမိုကရေစီ အဆောက်အအုံကို ပျက်စီးစေကြောင်း ပြန်လည် စွပ်စွဲထားပါတယ်။
