// | DailyBriefNews မမြရေလှောင်တမံ ထိန်းသိမ်းရေးအတွက် တမံအောက်ခြေထောက်ခြင်းနှင့် ရေစစ်ကျောက်ရိုး တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ -

မမြရေလှောင်တမံ ထိန်းသိမ်းရေးအတွက် တမံအောက်ခြေထောက်ခြင်းနှင့် ရေစစ်ကျောက်ရိုး တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အောက်ပိုင်း အိကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံအောက်ခြေထောက်ခြင်းနှင့် အလျား ပေ ၅၅၀၊ အမြင့် ၁၀ ပေရှိ ရေစစ်ကျောက်ရိုး (Rock Toe) ထည့်သွင်းတည်ဆောက်ခြင်းလုပ်ငန်းများကို စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းခွင်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တမံရေအမြန်ဆုံး လျှော့ချနိုင်ရေးအတွက် ရေထုတ်ပြွန်နှင့် အရေးပေါ် ရေပိုလွှဲတို့မှ ရေလျှော့ချခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တမံထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနေကြသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား စတင်ကျင်းပ
Next post ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးအချို့ ပြင်ဆင်ဖွဲ့စည်း