// | DailyBriefNews ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးအချို့ ပြင်ဆင်ဖွဲ့စည်း -

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးအချို့ ပြင်ဆင်ဖွဲ့စည်း

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်အား ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဒေါက်တာ ကိုကိုလွင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ တာဝန်ပေးအပ်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၂ တို့အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) တို့၏ ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မမြရေလှောင်တမံ ထိန်းသိမ်းရေးအတွက် တမံအောက်ခြေထောက်ခြင်းနှင့် ရေစစ်ကျောက်ရိုး တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ
Next post ရုရှားနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အဇာဘိုင်ဂျန်၌ တွေ့ဆုံဆွေးနွေး