// | DailyBriefNews တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား စတင်ကျင်းပ -

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား စတင်ကျင်းပ

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားနှင့်အတူ “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” (From Peace, Social Cohesion to Development) အလုပ်ရုံဆွေးနွေးပွဲကိုလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ၏ ဦးစီးမှုဖြင့် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားနှင့် ဆွေးနွေးပွဲသို့ NSPNC ညှိနှိုင်းရေးကော်မတီဝင်များ၊ အကြံပေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ JMC ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မီဒီယာမှ အယ်ဒီတာချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး တက်ရောက်
Next post မမြရေလှောင်တမံ ထိန်းသိမ်းရေးအတွက် တမံအောက်ခြေထောက်ခြင်းနှင့် ရေစစ်ကျောက်ရိုး တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ