// | DailyBriefNews ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး တက်ရောက် -

ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး တက်ရောက်

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးနှင့် ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး တက်ရောက်ခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးများတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုများအပါအဝင် နိုင်ငံဖြတ်ကျော် မူခင်းများ တားဆီးနှိမ်နင်းရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမျှဝေခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ရရှိခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နဂါးနီ ပုန်းရည်ကြီးနှင့် အော်ရိုရာ မက်မန်းသီးချိုချဉ် အပါအဝင် စားသောက်ကုန်အချို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA သတိပေး
Next post တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား စတင်ကျင်းပ