// | DailyBriefNews နဂါးနီ ပုန်းရည်ကြီးနှင့် အော်ရိုရာ မက်မန်းသီးချိုချဉ် အပါအဝင် စားသောက်ကုန်အချို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA သတိပေး -

နဂါးနီ ပုန်းရည်ကြီးနှင့် အော်ရိုရာ မက်မန်းသီးချိုချဉ် အပါအဝင် စားသောက်ကုန်အချို့ကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA သတိပေး

အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၆

နဂါးနီတံဆိပ် ပုန်းရည်ကြီး၊ အော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်၊ နန်းတွင်းသူတံဆိပ် ငရုတ်သီးအစိမ်းမှုန့်နှင့် ဒီဒီတံဆိပ် နိုဒိန်ချဉ်လိမ္မော်အရသာ အချိုရည် စသည့် စားသောက်ကုန်များကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က သတိပေး ထုတ်ပြန်လိုက်သည်။

ဓါတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ နဂါးနီတံဆိပ် ပုန်းရည်ကြီးတွင် Benzoic ဓါတုပစ္စည်း သတ်မှတ်ပမာဏထက် ကျော်လွန်နေခြင်း၊ အော်ရိုရာတံဆိပ် မက်မန်းသီးချိုချဉ်တွင် Sodium Cyclamate၊ နန်းတွင်းသူတံဆိပ် ငရုတ်သီးအစိမ်းမှုန့်တွင် မှိုဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin B1 နှင့် ဒီဒီတံဆိပ် နိုဒိန်ချဉ်လိမ္မော်အရသာ အချိုရည်တွင် Sodium Benzoate နှင့် Sodium Cyclamate တို့ သတ်မှတ်ပမာဏထက် အသီးသီး ကျော်လွန်နေကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ ကျန်းမာရေး ထိခိုက်မှု မရှိစေရန်အတွက် ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ကုန်စည်ပို့ဆောင်ရေး မြှင့်တင်နိုင်ရန် ဆိပ်ကမ်းနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ရေး လမ်းညွှန်မှာကြား
Next post ပထမအကြိမ် ဘင်းမ်စတက် ပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုဦး တက်ရောက်