// | DailyBriefNews ထပ်ဆင့်အကယ်ဒမီ ဂီတမှူးကြီး ဦးခင်မောင်ကြီး အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန် -

ထပ်ဆင့်အကယ်ဒမီ ဂီတမှူးကြီး ဦးခင်မောင်ကြီး အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်

photo_2026-10-06_09-47-03

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆

မြန်မာ့ရုပ်ရှင်နှင့် ဂီတလောကတွင် ထင်ရှားသည့် ထပ်ဆင့်အကယ်ဒမီများရှင် ဝါရင့်ဂီတပညာရှင်ကြီး ဂီတမှူး ဦးခင်မောင်ကြီး (အသက် ၈၆ နှစ်) သည် ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ဝဝ:၂၅ နာရီတွင် ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ကြောင်း မိသားစုထံမှ သိရပါတယ်။

ဂီတမှူး ဦးခင်မောင်ကြီးသည် ၁၉၅၅ ခုနှစ်ဝန်းကျင်မှ စတင်ကာ “တေးနံ့သာမြိုင်” တေးဂီတအဖွဲ့နှင့်အတူ ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ရုပ်ရှင်နောက်ခံတေးဂီတ ဖန်တီးမှုများတွင် ထူးချွန်ပြောင်မြောက်မှုကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၃) ဆုအထိ ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။

၎င်းသည် ၂၀၀၂ ခုနှစ်တွင် “ငါသူတစ်ပါး ယောက်ျားမိန်းမ”၊ ၂၀၀၆ ခုနှစ်တွင် “မျှော်လင့်ခြင်းများစွာ” နှင့် ၂၀၁၄ ခုနှစ်တွင် “ကောင်းကျိုးကိုယ်၌တည်စေမင်း” စသည့် ဇာတ်ကားများဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု အကယ်ဒမီ ၃ ဆုတိုင်တိုင် ရရှိခဲ့သည့် ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျော်ဂျီယာပြည်နယ် ကျောင်းသားဟောင်းများ ဆုံဆည်းပွဲတွင် သေနတ်ဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရ
Next post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ