// | DailyBriefNews ဂျော်ဂျီယာပြည်နယ် ကျောင်းသားဟောင်းများ ဆုံဆည်းပွဲတွင် သေနတ်ဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရ -

ဂျော်ဂျီယာပြည်နယ် ကျောင်းသားဟောင်းများ ဆုံဆည်းပွဲတွင် သေနတ်ဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်မှုဖြစ်ပွား၊ ၂ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရ

အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ် တောင်ပိုင်း ဗီယန်နာ (Vienna) မြို့တွင် ပြုလုပ်သည့် ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲ ပါတီတစ်ခုအတွင်း အဆက်မပြတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၀ နှင့် ၂၃ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၃၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာတွင် လူ ၁,၀၀၀ ကျော် စုဝေးနေစဉ် အနည်းဆုံး နေရာနှစ်ခုမှ သေနတ်ဖြင့် အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများအနက် ကျည်ဆန်ထိမှန်သူများအပြင် ထိတ်လန့်တကြား ထွက်ပြေးစဉ် ဒဏ်ရာရရှိသူ ၁၂ ဦးခန့် ပါဝင်ပါတယ်။ အဆိုပါပွဲမှာ ဒူလီခရိုင် အထက်တန်းကျောင်း၏ ကျောင်းသားဟောင်းများ ဆုံဆည်းသည့် သီတင်းပတ်အတွင်း ပြုလုပ်သည့် ရပ်ကွက်အလိုက် ပါတီပွဲဖြစ်ပြီး ကျောင်းမှ တရားဝင် ဦးစီးကျင်းပခြင်း မဟုတ်သော်လည်း ကျောင်းများတွင် အပိုဆောင်း လုံခြုံရေးများ တိုးမြှင့်ထားကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ဂျော်ဂျီယာ စုံစမ်းစစ်ဆေးရေးဗျူရို (GBI) က အမှုကို တာဝန်ယူ စုံစမ်းစစ်ဆေးလျက်ရှိသော်လည်း သံသယရှိသူများအား ဖမ်းဆီးရမိခြင်း ရှိ/မရှိနှင့် ပစ်ခတ်ရသည့် အကြောင်းအရင်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထားဝယ်ခရိုင် ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့် စည်သူဝင်းတို့ ကိုယ်တိုင်သွားရောက် လှူဒန်း
Next post ထပ်ဆင့်အကယ်ဒမီ ဂီတမှူးကြီး ဦးခင်မောင်ကြီး အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်