ထားဝယ်ခရိုင် ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့် စည်သူဝင်းတို့ ကိုယ်တိုင်သွားရောက် လှူဒန်း

အောက်တိုဘာလ ၆ ရက်၊ ၂၀၂၆
ထားဝယ်ဒေသခံ သရုပ်ဆောင် ဝင့်ယမုံနိုင်နှင့် မင်းသား စည်သူဝင်းတို့သည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့ခဲ့ရသည့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ထောက်ပံ့လှူဒန်းငွေများ ပေးအပ်ခဲ့ပြီး ဒေသခံ ပြည်သူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။


လှူဒါန်းမှုများအနေဖြင့် ကရင်ကြီးကျေးရွာရှိ အိုးအိမ်ဆုံးရှုံးသွားသည့် အိမ်ထောင်စု ၂၃ စုအတွက် တစ်စုလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၂၃၀၊ လတ်တလော နေထိုင်ရန် အခက်အခဲရှိသူ ၃ ဦးအတွက် ကျပ် ၉ သိန်း၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ကရင်ကြီးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ကျပ် ၁၀ သိန်းနှင့် ကဒတ်ငယ်ကျေးရွာ ဘုန်းကြီးကျောင်းအတွက် ကျပ် ၁၈ သိန်းခွဲကျော် စသည်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။



ထို့ပြင် သနပ်ချောင်း၊ သဲပုံရွာ၊ သဗျာရွာနှင့် တောကြဲ စသည့် ကျေးရွာများသို့လည်း ကိုယ်တိုင် သွားရောက်ကာ မြေပြင်လိုအပ်ချက်များနှင့်အညီ ကယ်ဆယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ဆက်လက် ကူညီပေးအပ်လျက်ရှိကြောင်း သိရပါတယ်။



