နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် စတင်ထွက်ခွာ

အော်က်တိုဘာလ ၇ ရက်၊ ၂၀၂ ၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန် ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အစိုးရတာဝန်ရှိသူများ ခြံရံလျက် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မြန်မာ-မလေးရှား နှစ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ ဦးစီးကျင်းပသည့် အဆင့်မြင့် အစည်းအဝေးသို့လည်း တက်ရောက်မည် ဖြစ်ပါတယ်။ ထိုတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် အကျိုးတူ စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

