// | DailyBriefNews ထားဝယ် ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် မတည်ငွေ ကျပ်သိန်း ၂၀ နှင့် အလှူငွေ ကျပ်သိန်း ၁,၂၀၀ ကျော်ဖြင့် သရုပ်ဆောင် ဝင့်ယမုံနိုင် ကိုယ်တိုင် သွားရောက်လှူဒါန်းမည် -

ထားဝယ် ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် မတည်ငွေ ကျပ်သိန်း ၂၀ နှင့် အလှူငွေ ကျပ်သိန်း ၁,၂၀၀ ကျော်ဖြင့် သရုပ်ဆောင် ဝင့်ယမုံနိုင် ကိုယ်တိုင် သွားရောက်လှူဒါန်းမည်

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆

ထားဝယ်ဒေသတွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် လောင်းလုံကျွန်းဆွယ်တစ်လျှောက် တောင်ပြိုမှုများဖြစ်ပွားကာ ကျေးရွာ ၆၀ ကျော် ထိခိုက်ပျက်စီးလျက်ရှိရာ ထားဝယ်သူတစ်ဦးဖြစ်သူ သရုပ်ဆောင် ဝင့်ယမုံနိုင် က မတည်အလှူငွေ ကျပ်သိန်း ၂၀ အပြင် အများပြည်သူ ပါဝင်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၁,၂၀၀ ကျော်ဖြင့် ကိုယ်တိုင်သွားရောက် ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကူညီရေးလုပ်ငန်းများအတွက် သရုပ်ဆောင် ဝင့်ယမုံနိုင် က စက်တင်ဘာ ၂၈ ရက်တွင် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး ပရဟိတအဖွဲ့သို့ ကျပ်သိန်း ၃၀ စတင်လှူဒါန်းခဲ့ပြီး၊ အများပြည်သူထံမှ ကူညီကောက်ခံပေးခဲ့ရာ အောက်တိုဘာ ၁ ရက်အထိ စုစုပေါင်း ကျပ် ၁၂၄,၂၇၈,၀၀၁ (ကျပ်သိန်း ၁,၂၀၀ ကျော်) စုဆောင်းရရှိထားပြီး ဖြစ်ပါတယ်။

လက်ရှိတွင် ထားဝယ်ဒေသ၌ လမ်းများပိတ်ဆို့ခြင်း၊ အိမ်ခြေများ မြေပိခြင်းတို့ကြောင့် ပျောက်ဆုံးသူများကို ရှာဖွေရန်နှင့် လမ်းရှင်းရန် စက်ယန္တရားကြီးများ အရေးပေါ်လိုအပ်နေသလို၊ ခိုလှုံနေရသည့် ဒေသခံများအတွက် ဆေးဝါး၊ သောက်ရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ရေနံတင်သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားတစ်ဦး အပါအဝင် ၅ ဦး သတ်ဖြတ်ခံရ
Next post Asian Game 2026 (MLBB)ပြိုင်ပွဲတွင် မြန်မာအသင်း သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ