// | DailyBriefNews Asian Game 2026 (MLBB)ပြိုင်ပွဲတွင် မြန်မာအသင်း သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ -

Asian Game 2026 (MLBB)ပြိုင်ပွဲတွင် မြန်မာအသင်း သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆

၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံ၊ အအိချိ-နာဂိုယာ (Aichi-Nagoya) ၌ ကျင်းပသည့် အာရှအားကစားပြိုင်ပွဲ၏ မိုဘိုင်းလ်းလီးဂျင်း (MLBB) ဗိုလ်လုပွဲတွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၄ – ၀ ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိကာ သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ယခုနှစ် အာရှအားကစားပြိုင်ပွဲတွင် MLBB အမျိုးအစားကို တရားဝင် ဆုတံဆိပ်ပေး ပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းသည် MLBB သမိုင်းတွင် ပထမဆုံး အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ်ရှင် ဖြစ်လာခဲ့သည့်အပြင် ယခု အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကိုလည်း ယူဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေတံဆိပ်ဆုရှင် မြန်မာအသင်းကို နည်းပြ အောင်မင်းထွန်းနှင့်အတူ ကစားသမားများဖြစ်ကြသည့် ဟိန်းထက် (EXP Laner)၊ ဆွေဟန်းထူး (Jungler)၊ ကျော်မျိုးမြင့်ကိုကို (Mid Laner)၊ အောင်ရှိုင်းလင်း (Gold Laner) နှင့် သူရကျော် (Roamer) တို့ဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်ဆု ရရှိခဲ့ပြီး မလေးရှားနှင့် မွန်ဂိုးလီးယား အသင်းတို့က ကြေးတံဆိပ်ဆုများ အသီးသီး ဆွတ်ခူးခဲ့ကြပါတယ်။ MLBB ၏ နှစ် (၁၀) ပြည့် အထိမ်းအမှတ်နှစ်တွင် အာရှအားကစားပြိုင်ပွဲကဲ့သို့ စိန်ခေါ်မှုကြီးမားသော စာမျက်နှာပေါ်၌ ယခုလို အောင်မြင်မှု ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် အာရှ မိုဘိုင်းလ်း အီးစပို့စ် (Mobile Esports) လောကအတွက် သမိုင်းဝင် မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထားဝယ် ရေဘေးနှင့် မြေပြိုဘေးသင့် ပြည်သူများအတွက် မတည်ငွေ ကျပ်သိန်း ၂၀ နှင့် အလှူငွေ ကျပ်သိန်း ၁,၂၀၀ ကျော်ဖြင့် သရုပ်ဆောင် ဝင့်ယမုံနိုင် ကိုယ်တိုင် သွားရောက်လှူဒါန်းမည်
Next post ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျမှုကြောင့် မြန်မာဆောက်လုပ်ရေးလုပ်သားတစ်ဦး မြေပိ၍ သေဆုံး