ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ရေနံတင်သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားတစ်ဦး အပါအဝင် ၅ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာလ ၂ ရက်၊ ၂၀၂၆
ဆိုမာလီကမ်းလွန်တွင် ပြန်ပေးဆွဲခံထားရသည့် MT Honour 25 ရေနံတင်သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားတစ်ဦး အပါအဝင် သင်္ဘောသား ၅ ဦးကို ပင်လယ်ဓားပြများက သတ်ဖြတ်လိုက်ကြောင်း ဆိုမာလီနိုင်ငံ ပန့်တ်လန်း (Puntland) ဒေသ အာဏာပိုင်များက အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ ပလော (Palau) နိုင်ငံအလံ လွှင့်ထူထားသည့် ရေနံတင်သင်္ဘောကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးစစ်ဆင်ရေး မစတင်မီ ပင်လယ်ဓားပြများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ပါကစ္စတန် ၃ ဦး၊ မြန်မာ ၁ ဦးနှင့် အိန္ဒိယ ၁ ဦးတို့ ပါဝင်ကာ အခြား သင်္ဘောသား ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ယခုဖြစ်စဉ်သည် ဆိုမာလီ ပင်လယ်ဓားပြများ လက်ချက်ကြောင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် သင်္ဘောကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပင်လယ်ဓားပြဟု သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် သင်္ဘောမှာ ဘေးကင်းသွားပြီဖြစ်ပြီး ကျန်ရှိနေသည့် ပါဝင်ပတ်သက်သူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရပါတယ်။
