// | DailyBriefNews ICC အဖွဲ့ဝင်နိုင်ငံများ အားလုံး ချက်ချင်းနှုတ်ထွက်ရန် အမေရိကန်သမ္မတ ထရမ့် တောင်းဆို -

ICC အဖွဲ့ဝင်နိုင်ငံများ အားလုံး ချက်ချင်းနှုတ်ထွက်ရန် အမေရိကန်သမ္မတ ထရမ့် တောင်းဆို

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အဖွဲ့ဝင်နိုင်ငံများ အားလုံး အဆိုပါ အဖွဲ့အစည်းမှ ချက်ချင်းတရားဝင် နှုတ်ထွက်ကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၂ ရက် (အင်္ဂါနေ့) တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်း၌ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။

မိန့်ခွန်းအတွင်း သမ္မတ ထရမ့်က ICC ကို “ထိန်းမရ သိမ်းမရဖြစ်နေသည့် အဖွဲ့အစည်း” နှင့် “လူဆိုးများ စုဝေးရာအဖွဲ့” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အမေရိကန်ကို ဆန့်ကျင်သည့် အဆိုပါ တရားရုံး၏ ဟန်ပြ တရားစီရင်မှုများအောက်သို့ အမေရိကန် တပ်မတော်သားများကို အရောက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ICC အဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ယင်းကဲ့သို့ လူမိုက်ဆန်ဆန် သောင်းကျန်းနေသည့် အဖွဲ့အစည်းမှ ချက်ချင်း တရားဝင် နှုတ်ထွက်ကြရန် အမေရိကန် သမ္မတက တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မလေးရှား၊ Tanah Merah ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို မနက်ဖြန် ပြန်လည်ခေါ်ယူမည်
Next post အာဆင်နယ်ကို ချန်ပီယံဖြစ်စေခဲ့သည့် နည်းပြ အာတီတာ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ