// | DailyBriefNews မလေးရှား၊ Tanah Merah ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို မနက်ဖြန် ပြန်လည်ခေါ်ယူမည် -

မလေးရှား၊ Tanah Merah ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို မနက်ဖြန် ပြန်လည်ခေါ်ယူမည်

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံ၊ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာလ ၂၂ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၈၆ ဦးအား မြန်မာ့လေကြောင်း (MAI) ခရီးစဉ်အမှတ် 8M-502 ဖြင့် ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး သံရုံးက အမည်စာရင်းများကို မိသားစုဝင်များ သိရှိနိုင်ရန် တစ်ပါတည်း ထုတ်ပြန်ပေးထားပါတယ်။ ထို့ပြင် ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များထံမှ တာဝန်ရှိသူ မဟုတ်သူများက ငွေကြေး လိမ်လည်တောင်းခံမှုများ ရှိနေသဖြင့် သတိပြုကြရန်လည်း သံရုံးက အသိပေးထားပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်ကလည်း အဆိုပါ Tanah Merah စခန်းမှ မြန်မာနိုင်ငံသား ၇၅ ဦးကို မြန်မာ့လေကြောင်းဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၃၀ ပြည့်နှစ်မတိုင်မီ AI ကြောင့် ကမ္ဘာပျက်စီးမည်ဆိုမှု ‘သုည ရာခိုင်နှုန်းမျှပင် အခွင့်အလမ်းမရှိ’ ဟု Nvidia အကြီးအကဲ ပြောကြား
Next post ICC အဖွဲ့ဝင်နိုင်ငံများ အားလုံး ချက်ချင်းနှုတ်ထွက်ရန် အမေရိကန်သမ္မတ ထရမ့် တောင်းဆို