// | DailyBriefNews ဘရိတ်နင်းခုံ အစိတ်အပိုင်း ချို့ယွင်းချက်ကြောင့် BYD လျှပ်စစ်ကား အစီးရေ ၁၈၀,၀၀၀ ကျော် တရုတ်တွင် ပြန်လည်သိမ်းဆည်းမည် -

ဘရိတ်နင်းခုံ အစိတ်အပိုင်း ချို့ယွင်းချက်ကြောင့် BYD လျှပ်စစ်ကား အစီးရေ ၁၈၀,၀၀၀ ကျော် တရုတ်တွင် ပြန်လည်သိမ်းဆည်းမည်

IMG_20260919_093322_039

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆

တရုတ်လျှပ်စစ်ကား ထုတ်လုပ်သူ BYD သည် ဘရိတ်နင်းခုံ အစိတ်အပိုင်း ချို့ယွင်းချက်ကို ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံအတွင်းရှိ ကားအစီးရေ ၁၈၀,၀၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ဈေးကွက်ကြီးကြပ်ရေးဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲမှုဌာန (SAMR) က စက်တင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပြန်လည်သိမ်းဆည်းမှုတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် Qin နှင့် Tang စီးရီး ကားအစီးရေ ၁၈၃,၂၁၁ စီး ပါဝင်ပြီး၊ ဘရိတ်နင်းခုံ Stopper pad များ အက်ကွဲ သို့မဟုတ် ကွာကျနိုင်သည့် အန္တရာယ်ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ ထိုချို့ယွင်းချက်ကြောင့် ဘရိတ်မီးများ မလိုလားဘဲ ပွင့်နေနိုင်ပြီး လမ်းအသုံးပြုသူများကို မှားယွင်းသည့် အချက်ပြမှုများ ဖြစ်စေနိုင်သဖြင့် အခမဲ့ လဲလှယ်ပေးသွားမည်ဟု ဆိုပါတယ်။

ထို့အပြင် တရုတ်လျှပ်စစ်ကား ကုမ္ပဏီ Nio ကလည်း စတီယာရင် စနစ်ဆိုင်ရာ ဝါယာကြိုး ချို့ယွင်းချက်ကြောင့် Firefly အမှတ်တံဆိပ် ကားအစီးရေ ၆၈၆ စီးကို ပြန်လည်သိမ်းဆည်းကာ အခမဲ့ စစ်ဆေးလဲလှယ်ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဆော်ဒီအာရေဗျသို့ F-35 ကိုယ်ပျောက် တိုက်လေယာဉ် ၄၈ စင်း ရောင်းချရန် အမေရိကန် ခွင့်ပြု
Next post ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညို