// | DailyBriefNews ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညို -

ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူ၊ နိုင်ငံတော်သမ္မတနှင့် ဇနီး သွားရောက်ဖူးမြော်ကြည်ညို

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီးသည် သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် (မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်) စနေနေ့ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။

ဆရာတော်ဘုရားကြီး ပျံလွန်တော်မူခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ချမ်းမြေ့ရိပ်သာကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘရိတ်နင်းခုံ အစိတ်အပိုင်း ချို့ယွင်းချက်ကြောင့် BYD လျှပ်စစ်ကား အစီးရေ ၁၈၀,၀၀၀ ကျော် တရုတ်တွင် ပြန်လည်သိမ်းဆည်းမည်
Next post ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား