// | DailyBriefNews “လွန်” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show အခမ်းအနားကို လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဝဇီရာရုပ်ရှင်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ -

“လွန်” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show အခမ်းအနားကို လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဝဇီရာရုပ်ရှင်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၆

ကောင်းရုပ်ရှင်ထုတ်လုပ်ရေး၏ ဒရာမာဇာတ်လမ်းပုံစံ “လွန်” ရုပ်ရှင်ဇာတ်ကားကြီး၏ Family Show အခမ်းအနားကို စက်တင်ဘာ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ မင်္ဂလာဝဇီရာ ရုပ်ရှင်ရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားသို့ ဒါရိုက်တာ နေပိုင်၊ အကယ်ဒမီ မြင့်မြတ်တို့ ဇနီးမောင်နှံ၊ သံသာမိုးသိမ့်၊ ရှင်းသီရိသူ၊ ကလေးသရုပ်ဆောင် အိန္ဒြေသွန်းဆက်တို့အပြင် ဟာသလူရွှင်တော်များအသင်းမှ သရုပ်ဆောင်များနှင့် ကိုယ်လူချောအဖွဲ့များ မိသားစုများနှင့်အတူ တက်ရောက်၍ ရုပ်ရှင်ကို အတူတကွ ကြည့်ရှုအားပေးခဲ့ကြပါတယ်။

“လွန်” ရုပ်ရှင်ဇာတ်ကားကို DOP အကယ်ဒမီ သာကျော်၊ တည်းဖြတ် အောင်မျိုးဦး၊ တွဲဖက်ဒါရိုက်တာ ထက်ဝေယံတို့က ပါဝင်ဆောင်ရွက်ထားပြီး အောင်ချမ်းသာ၏ ဇာတ်လမ်း/ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ပုဂံဒေသကို နောက်ခံထား၍ သားသမီးနှင့် မိဘများအကြား၊ သားအဖအကြား ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်များကို ဒရာမာပုံစံ ဖန်တီးပုံဖော်ထားခြင်း ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ရဲအောင်၊ ဝင့်ယမုံနိုင်၊ သံသာမိုးသိမ့်၊ တိုင်ရွန်၊ ဇော်ဝင်းနိုင်(မန်း)၊ အကယ်ဒမီ ဇော်ဦး၊ အကယ်ဒမီ ခင်မို့မို့အေး အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပြီး မကြာမီ ရုံတင်ပြသတော့မည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးအား ခြိမ်းခြောက်မှုဖြင့် ဖမ်းဝရမ်းထုတ်ပြန်
Next post ဘိုလီးဗီးယား စစ်စခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ၂ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရ