ဘိုလီးဗီးယား စစ်စခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အနည်းဆုံး ၂ ဦး သေဆုံးကာ ၅၈ ဦး ဒဏ်ရာရ

စက်တင်ဘာလ ၇ ရက်၊ ၂၀၂၆
ဘိုလီးဗီးယားနိုင်ငံ၊ လာပါ့ဇ်မြို့မှ ၃၀ ကီလိုမီတာခန့် အကွာရှိ ဗီယာချာမြို့နယ်တွင် စက်တင်ဘာ ၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲခန့်က အမြောက်တပ်ရင်းတစ်ခု တပ်စွဲထားသည့် စစ်စခန်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘိုလီးဗီးယား ကာကွယ်ရေးဝန်ကြီး အာနက်စတို ဂျက်စတီယာနိုက ပြောကြားခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုမှာ စခန်းအတွင်း သိမ်းဆည်းထားသည့် မီးရှူးမီးပန်းပစ္စည်းများ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ပေါက်ကွဲရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။

ထိုပေါက်ကွဲမှုကြောင့် အနီးအနားရှိ နေအိမ်များစွာ၏ ပြတင်းပေါက်များ ကွဲအက်ပျက်စီးခဲ့ကာ ကျန်းမာရေးအရာရှိ ရီတာ နီဘရာစကာကမူ သေဆုံးသူ ၁၀ ဦးမှ ၁၅ ဦးအထိ ရှိနိုင်ကြောင်းနှင့် နောက်ထပ် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် စစ်စခန်းမှ အနည်းဆုံး မီတာ ၁၅၀ ကွာဝေးသည့်နေရာတွင် နေထိုင်ကြရန် တိုက်တွန်းထားပါတယ်။ လက်ရှိတွင် ဗီယာချာမြို့ အာဏာပိုင်များက သုံးရက်ကြာ ဝမ်းနည်းကြောင်း ကြေညာထားတယ်လို့ သိရပါတယ်။
