// | DailyBriefNews ထိုင်းနိုင်ငံ၌ တရားမဝင် လက်နက်ရောင်းဝယ်မှုများကို ပိုက်စိပ်တိုက် နှိမ်နင်းရာ သံသယရှိသူ ၁၈၆ ဦးနှင့် သေနတ် ၂၂၈ လက် သိမ်းဆည်းရမိ -

ထိုင်းနိုင်ငံ၌ တရားမဝင် လက်နက်ရောင်းဝယ်မှုများကို ပိုက်စိပ်တိုက် နှိမ်နင်းရာ သံသယရှိသူ ၁၈၆ ဦးနှင့် သေနတ် ၂၂၈ လက် သိမ်းဆည်းရမိ

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် တရားမဝင် လက်နက်ရောင်းဝယ်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိုက်စိပ်တိုက် နှိမ်နင်းခဲ့ရာ ဆိုက်ဘာပြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က ပြည်နယ် ၁၂ ခုရှိ နေရာပေါင်း ၂၀၀ ကျော်ကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် သံသယရှိသူ ၁၈၆ ဦးကို ဖမ်းဆီးကာ သေနတ် ၂၂၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း မှတ်ပုံတင်ထားသော လက်နက် ၃၃ လက်၊ မှတ်ပုံတင်မထားသော လက်နက် ၁၉၄ လက်နှင့် စစ်သုံးလက်နက် ၁ လက်အပါအဝင် ကျည်ဆံ ၁,၂၉၄ တောင့်၊ သေနတ်အပိုပစ္စည်း ၂၇ ခုနှင့် လက်လုပ်မိုင်း ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဝင်ရောက်ရှာဖွေမှုများတွင် Facebook မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်သူများ၊ Shopee နှင့် LINE OA ဂရုများကို အသုံးပြု၍ မော်တော်ယာဉ် အပိုပစ္စည်းရောင်းသူအဖြစ် ဟန်ဆောင်ထားသည့် ဆမွတ်ပရာကန်မှ ကြက်ဥဆိုင်တစ်ဆိုင်၊ သေနတ်ပြုပြင်ပေးသည့် ဥဒုံဌာနီမှ ဆိုင်ကယ်ပြင်ဆရာတစ်ဦး၊ ဆုဖန်ဘူရိမှ စပါးအခြောက်ခံကွင်းပိုင်ရှင်နှင့် UZI စက်သေနတ်ပါ သိမ်းဆည်းမိခဲ့သည့် သရဘူရီမှ ဖြစ်စဉ်တို့ ပါဝင်ပါတယ်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူနိုင်ရန် လွှဲပြောင်းပေးထားပြီး၊ ဆိုက်ဘာရဲတပ်ဖွဲ့အနေဖြင့် အွန်လိုင်းမှတစ်ဆင့် တရားမဝင် လက်နက်ဝယ်ယူ၊ ရောင်းချ၊ လက်ဝယ်ထားရှိခြင်းများ မပြုလုပ်ကြရန်နှင့် တရားမဝင် သေနတ်များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း သတိပေးတိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၉ ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
Next post မလေးရှားတွင် ဩစတြေးလျ ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် မြန်မာ ဟိုတယ်ဝန်ထမ်း တရားစွဲခံရ