// | DailyBriefNews ၁၉ ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ -

၁၉ ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသား လူမျိုးများ၏ သမိုင်းအစမှစ၍ လွတ်လပ်ရေးနှင့်အတူ ပိုင်ဆိုင်ခဲ့သည့် မြန်မာ့သုခုမ အနုပညာရပ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် နိုင်ငံတော်၏ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်း ကာကွယ်ခြင်းဖြစ်ကြောင်း လေးလေးနက်နက် သိမြင်နားလည်ကြရန် အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Myanmar Business Trade Show & Travel Expo 2026 ကို ၃ ရက်တိုင်တိုင် ကျင်းပမည်
Next post ထိုင်းနိုင်ငံ၌ တရားမဝင် လက်နက်ရောင်းဝယ်မှုများကို ပိုက်စိပ်တိုက် နှိမ်နင်းရာ သံသယရှိသူ ၁၈၆ ဦးနှင့် သေနတ် ၂၂၈ လက် သိမ်းဆည်းရမိ