// | DailyBriefNews ပါကစ္စတန် စစ်တပ်အကြီးအကဲ အီရန်နိုင်ငံသို့ သွားရောက်မည် -

ပါကစ္စတန် စစ်တပ်အကြီးအကဲ အီရန်နိုင်ငံသို့ သွားရောက်မည်

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆

ပါကစ္စတန် စစ်တပ်အကြီးအကဲ ဖီးလ်မာရှယ် အာဆင်း မူနီယာ (Asim Munir) ဟာ ယနေ့တနင်္လာနေ့မှာ အီရန်နိုင်ငံ မြို့တော် တေရန်ဆီ သွားရောက်မှာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာကွာအီ (Esmaeil Baghaei) က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

မူနီယာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ယခုခရီးစဉ်ဟာ ပါကစ္စတန်နဲ့ အီရန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး ခိုင်မာစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA မှာ ဖော်ပြထားပါတယ်။ ခရီးစဉ်အတွင်း မူနီယာဟာ အီရန်အစိုးရ အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စရပ်တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အီရန်နဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ ကာလအတွင်း နှစ်ဖက်စလုံးနဲ့ နီးကပ်စွာ ဆက်သွယ်ပြီး ကြားဝင်စေ့စပ်ရေး အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံက Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း
Next post ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဉ်မှူး လွှတ်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား