// | DailyBriefNews တရုတ်နိုင်ငံက Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း -

တရုတ်နိုင်ငံက Chang’e-7 လစူးစမ်းယာဉ် လွှတ်တင်မှုကို တစ်လခန့် ရွှေ့ဆိုင်း

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆

တရုတ်နိုင်ငံရဲ့ Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင်သွားမယ့် Long March 5 Y14 ဒုံးပျံ ပစ်လွှတ်မှုကို တစ်လခန့် ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော် နက္ခတ္တပညာ သုတေသနဌာန (NARIT) က ကြေညာခဲ့ပါတယ်။ မူလက ဩဂုတ် ၂၅ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားခဲ့တာဖြစ်ပြီး လွှတ်တင်မည့် ရက်စွဲအသစ်ကို တရားဝင် အတည်ပြုချက်ရပါက ထပ်မံကြေညာပေးသွားမည် ဖြစ်ပါတယ်။

အဆိုပါ ရွှေ့ဆိုင်းမှုသည် တရုတ် အာကာသယာဉ်ပေါ်တွင် ထည့်သွင်းသယ်ဆောင်မည့် ထိုင်းနိုင်ငံ၏ CE-7 MATCH သိပ္ပံကိရိယာနှင့် မသက်ဆိုင်ဘျင်း၊ ထိုကိရိယာမှာ မစ်ရှင်အတွက် အပြည့်အဝ အသင့်ဖြစ်နေပြီဖြစ်ကြောင်း NARIT က ပြောဆိုထားပါတယ်။ Chang’e-7 မစ်ရှင်သည် လ၏ တောင်ဝင်ရိုးစွန်းဒေသရှိ ရေခဲများ ရှိနိုင်သည့် နေရာများကို စူးစမ်းလေ့လာရန် ရည်ရွယ်ထားတာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် မတိုင်မီ လပေါ်သို့ လူလွှတ်တင်မည့် တရုတ်နိုင်ငံ၏ စီမံကိန်းအတွက် အရေးပါသော မစ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
Next post ပါကစ္စတန် စစ်တပ်အကြီးအကဲ အီရန်နိုင်ငံသို့ သွားရောက်မည်