// | DailyBriefNews မင်္ဂလာဒုံမြို့နယ်ရှိ ဇေယျာသီရိကျောင်းတိုက် သံဝေဂဆရာတော်ထံ သရုပ်ဆောင် စုရှိုင်းက Mark II မော်တော်ယာဉ်တစ်စီး လှူဒါန်း -

မင်္ဂလာဒုံမြို့နယ်ရှိ ဇေယျာသီရိကျောင်းတိုက် သံဝေဂဆရာတော်ထံ သရုပ်ဆောင် စုရှိုင်းက Mark II မော်တော်ယာဉ်တစ်စီး လှူဒါန်း

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဇေယျာသီရိကျောင်းတိုက် သံဝေဂဆရာတော် အရှင်ဦးသောမ (ထားဝယ်) ထံသို့ ရုပ်ရှင်သရုပ်ဆောင် စုရှိုင်းက သူငယ်ချင်းဖြစ်သူ မယဉ်ယဉ်ထွေးနှင့်အတူ Mark II မော်တော်ယာဉ်တစ်စီးကို လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင် စုရှိုင်းသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဆရာတော်၏ တိရစ္ဆာန်များမသတ်ရေးနှင့် သံဝေဂတရား ဟောကြားပြသမှုများအပေါ် သဒ္ဓါကြည်ညို၍ ပရိုဂျက်တာ (Projector) နှင့် ကားတစ်စီး လှူဒါန်းခဲ့ဖူးသူ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဆရာတော်က အဆိုပါကားကို ပြန်လည်လှူဒါန်းလိုက်သဖြင့် သွားရေးလာရေး ခက်ခဲနေသည်ကို သိရှိရသည့်အတွက် ယခုကဲ့သို့ မိတ်ဆွေများနှင့် ပေါင်းစပ်ကာ Mark II ကားတစ်စီး ထပ်မံလှူဒါန်းရခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လှူဒါန်းမှု အခမ်းအနားတွင် တရားတော်များ နာယူကာ နေ့ဆွမ်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ရေစက်သွန်းချ လှူဒါန်းခဲ့ကြပြီး စုရှိုင်းသည် မကြာသေးမီကလည်း အဆိုပါကျောင်းတိုက်သို့ ရေခဲသေတ္တာတစ်လုံး လှူဒါန်းထားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရှေ့တောင်အာရှတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာမှုနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လာ
Next post သီရိလင်္ကာက လာမည့် ၂၀၂၇-၂၀၃၁ အတွက် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတွင် သီရိလင်္ကာ ရူပီး ၄၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်