// | DailyBriefNews အရှေ့တောင်အာရှတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာမှုနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လာ -

အရှေ့တောင်အာရှတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်ဂိုဏ်းများ၏ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာမှုနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လာ

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆

အရှေ့တောင်အာရှ ဒေသတွင်း၌ အပြည်ပြည်ဆိုင်ရာ ဆိုင်ဘာလိမ်လည်မှုဂိုဏ်းများ အရှိန်ဟုန်မေှာင်း ထိန်းမနိုင်သိမ်းမရ ကြီးထွားလာပြီး စီးပွားရေးလုံခြုံရေးကိုပင် ခြိမ်းခြောက်လာသည့်အတွက် အာဆီယံအစိုးရများသည် သီးခြားစီ မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခုအဖြစ် စည်းလုံးစွာ ပူးပေါင်းဖြေရှင်းရန် လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဆိုင်ဘာလိမ်လည်မှုများကြောင့် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၈၈.၃ ဘီလီယံမှ ၁၁၄.၁ ဘီလီယံအထိ ရှိခဲ့ပြီး အဆိုပါ ရာဇဝတ်ဂိုဏ်း အများအပြားမှာ အရှေ့တောင်အာရှတွင် အခြေစိုက်ကြပါတယ်။

ဒီလို ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့ အဓိက လုပ်ဆောင်ချက်တွေနဲ့ အပြောင်းအလဲတွေကတော့ –

ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် နှင့် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး နယ်စပ်ရှိ လိမ်လည်မှုစခန်းများ နှိမ်နင်းရေးနှင့် ဘဏ္ဍာရေး စီးဆင်းမှုများ ဟန့်တားရေး သဘောတူခဲ့ကြသလို အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြားလည်း ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Task Force) ဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုစခန်း ဖွင့်လှစ်ထားသူများကို သေဒဏ်ပေးရန် အတည်ပြုခဲ့ပြီး စင်ကာပူနိုင်ငံတွင်လည်း သံသယဖြစ်ဖွယ် အကောင့်များနှင့် ဝန်ဆောင်မှုများကို ပိတ်ပင်နိုင်ရေး ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က ကမ္ဘောဒီးယားရှိ Prince Group၊ Jin Bei Group၊ မြန်မာနိုင်ငံရှိ DKBA တို့အပါအဝင် ဆိုင်ဘာလိမ်လည်မှု၊ ငွေကြေးခဝါချမှုများနှင့် ဆက်စပ်နေသူများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး Prince Group ဥက္ကဋ္ဌ ချင်းဇီ ၏ နိုင်ငံသားခွင့် ရုပ်သိမ်းကာ တရုတ်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ကမ္ဘောဒီးယား ဗဟိုဘဏ်ကလည်း လိမ်လည်မှုကွန်ရက်များနှင့် ဆက်စပ်နေသည့် ဘဏ်များကို ပိတ်သိမ်းခဲ့ပါတယ်။

အာဆီယံအနေဖြင့် ၂၀၂၆-၂၀၃၅ ခုနှစ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေး အစီအစဉ်သစ်အရ သတင်းအချက်အလက် မျှဝေရေး၊ ပူးတွဲစုံစမ်းစစ်ဆေးရေးနှင့် ငွေကြေးခဝါချမှု တားဆီးရေး ပူးတွဲလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါတယ်။

ကျွမ်းကျင်သူများကမူ ရိုးရိုးလိမ်လည်သူ တစ်ဦးချင်းစီကို ဖမ်းဆီးရုံဖြင့် မလုံလောက်ဘဲ နောက်ကွယ်မှ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များ၊ ဘဏ္ဍာရေး ကွန်ရက်များနှင့် ထောက်ပံ့ပေးနေသည့် အခြေခံအဆောက်အအုံများကို စနစ်တကျ ဖော်ထုတ်ဖြိုခွဲရန် လိုအပ်ကြောင်း ထောက်ပြထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဂျပန်က ပိုင်ဆိုင်ကြောင်း အငြင်းပွားနေသည့် ကူရေးလ်ကျွန်းစုများသို့ ရုရှားသမ္မတ ပူတင် ပထမဆုံးအကြိမ် သွားရောက်၊ ပစိဖိတ်ရေတပ်စုကို စစ်ဆေးခဲ့သဖြင့် တိုကျိုအစိုးရ ကန့်ကွက်
Next post မင်္ဂလာဒုံမြို့နယ်ရှိ ဇေယျာသီရိကျောင်းတိုက် သံဝေဂဆရာတော်ထံ သရုပ်ဆောင် စုရှိုင်းက Mark II မော်တော်ယာဉ်တစ်စီး လှူဒါန်း