သရုပ်ဆောင် အများအပြား ပါဝင်သည့် အပိုင်း ၄၅ ပိုင်းပါ “အတ္တစီးချင်း” ဇာတ်လမ်းတွဲ ရိုက်ကူးရန် ကန်တော့ပွဲပြုလုပ်

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆
Mahar Original Series မှ ရိုက်ကူးတင်ဆက်မည့် “အတ္တစီးချင်း” အိမ်ထောင်ရေး ဟဲဗီးဒရာမာ ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲ အခမ်းအနားကို ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ အိမ်တော်ရာစေတီ၌ ကျင်းပခဲ့ပါတယ်။








အဆိုပါ ဇာတ်လမ်းတွဲကို ညမွှေးပန်း၊ မုဒြာနှင့် အိစုခိုင်တို့၏ ဇာတ်လမ်းကို သံသာဦး က ဇာတ်ညွှန်းရေးသားပြီး လွင်မင်းအံ့ က ဇာတ်ညွှန်းမွမ်းမံကာ ဒါရိုက်တာ ကျော်နှင်းဆီ က လာမည့် ဩဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့၌ စတင်ရိုက်ကူးသွားမည် ဖြစ်ပါတယ်။


ဇာတ်လမ်းတွဲတွင် မင်းဘုန်းမြတ်၊ ဘုန်းရှိန်ခန့်၊ အကယ်ဒမီ မင်းဦး၊ မင်းတော်ဝင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ နန်းခင်ဇေယျာ၊ ထွန်းပုလဲရတနာ၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ အကယ်ဒမီ မြတ်ကေသီအောင် နှင့် အခြား အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်ပါတယ်။ လူတိုင်း၏ အတ္တ၊ လောဘ၊ မောဟတို့ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များနှင့် အိမ်ထောင်ရေးဆိုင်ရာ ပူလောင်မှုများကို ပုံဖော်ထားသည့် အပိုင်း ၄၅ ပိုင်းပါ အဆိုပါ ဇာတ်လမ်းတွဲကို မကြာမီ Mahar Application နှင့် Mahar Channel ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။
