// | DailyBriefNews ဖိလစ်ပိုင်သမ္မတမားကို့စ်နှင့် ဇနီးကို လုပ်ကြံသတ်ဖြတ်ရန် ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြင့် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို တရားစွဲဆို -

ဖိလစ်ပိုင်သမ္မတမားကို့စ်နှင့် ဇနီးကို လုပ်ကြံသတ်ဖြတ်ရန် ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြင့် ဒုတိယသမ္မတ ဆာရာ ဒူတာတေးကို တရားစွဲဆို

photo_2026-08-12_12-28-03

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆

ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးသည် သမ္မတ မားကို့စ် ဂျူနီယာ၊ သမ္မတကတော် လီဇာ အာရာနက်တာ-မားကို့စ်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်း မာတင် ရိုမူယယ်ဒက်ဇ် တို့ကို လုပ်ကြံရန် ပြင်းထန်သည့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဩဂုတ် ၁၁ ရက်တွင် ကွီဇုံမြို့ ဒေသဆိုင်ရာ တရားရုံး၌ ရာဇဝတ်မှု စွဲချက်တင် တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ အဆိုပါ တရားစွဲဆိုမှုသည် ဆာရာ ဒူတာတေးအား ရာထူးမှ ဖယ်ရှားရေးအတွက် ရုံးတင်စစ်ဆေးနေသည့် ၁၄ ရက်မြောက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဓိက အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဆာရာ ဒူတာတေးက ၎င်းကို သတ်ရန် ကြံစည်မှု အောင်မြင်ပါက သမ္မတဇနီးမောင်နှံနှင့် မာတင် ရိုမူယယ်ဒက်ဇ် တို့ကို ပြန်လည်သတ်ဖြတ်ရန် တစ်စုံတစ်ယောက်နှင့် ဆွေးနွေးထားကြောင်း ပြောဆိုခဲ့သည့်အပေါ် Cybercrime Prevention Act အရ ပြင်းထန်သော ခြိမ်းခြောက်မှု စွဲချက် ၃ ခုဖြင့် အစိုးရရှေ့နေများက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဆာရာ၏ ဥပဒေအဖွဲ့ကမူ အပြစ်မရှိကြောင်း လျှောက်လဲရန် ပြင်ဆင်ထားပြီး ဥပဒေအရ ရရှိနိုင်သော ကုစားနည်းအားလုံး သုံးစွဲသွားမည်ဟု ဆိုပါတယ်။ အကယ်၍ ပြစ်ဒဏ်ကျခံရပါက ဆာရာ ဒူတာတေးသည် ထောင်ဒဏ် ၁ လမှ ၆ လအထိ ကျခံရနိုင်သည့်အပြင် ရာထူးမှ ဖယ်ရှားခံရပြီး ရွေးကောက်ပွဲ နိုင်ငံရေးမှလည်း အပြီးအပိုင် ပိတ်ပင်ခံရမည် ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အီရန်ဆိပ်ကမ်းပိတ်ဆို့မှုကို ချိုးဖောက်ရန်ကြိုးစားသော သင်္ဘောအား အမေရိကန်ရဟတ်ယာဉ်ပစ်ခတ်
Next post သရုပ်ဆောင် အများအပြား ပါဝင်သည့် အပိုင်း ၄၅ ပိုင်းပါ “အတ္တစီးချင်း” ဇာတ်လမ်းတွဲ ရိုက်ကူးရန် ကန်တော့ပွဲပြုလုပ်