// | DailyBriefNews ဒူဘိုင်း-ဘန်ကောက် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပါကစ္စတန်အမျိုးသား ဖမ်းဆီးခံရ -

ဒူဘိုင်း-ဘန်ကောက် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပါကစ္စတန်အမျိုးသား ဖမ်းဆီးခံရ

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ဒူဘိုင်းမှ ဘန်ကောက်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လေယာဉ်စတင် ထွက်ခွာပြီး မကြာမီမှာ အဆိုပါ ပါကစ္စတန် အမျိုးသားဟာ သူမရဲ့ ထိုင်ခုံပေါ်ကို လက်ခဏခဏ လာတင်တာကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရသလို၊ ဘေးမှာ သမီးဖြစ်သူနဲ့အတူ အိပ်ပျော်သွားစဉ်မှာလည်း ညာဘက်တင်ပါးကို လာရောက်ကိုင်တွယ်မှု ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သူမဟာ လေယာဉ်မစီးမီ အိပ်ဆေးသောက်ထားတာကြောင့် အနှစ်ခြိုက်ဆုံး အိပ်ပျော်သွားခဲ့တာ ဖြစ်ပြီး စောင်ခြုံထားတာကြောင့် စတင်ကိုင်တွယ်စဉ်က သတိမထားမိဘဲ ခဏအကြာမှ ထိုင်ခုံရှေ့ ဖျော်ဖြေရေးscreenကို လာရောက်ကိုင်တွယ်ပြီး စိုက်ကြည့်နေတာကို သတိပြုမိခဲ့တာပါ။

ထိုင်းနိုင်ငံသို့ မဆင်းသက်မီ ၁ နာရီခွဲခန့်အလိုမှာတော့ ဖြစ်စဉ်ကို လေယာဉ်အမှုထမ်းတွေထံ သတင်းပို့ခဲ့ပြီး လေယာဉ်ဆင်းသက်ပြီးနောက် အဆိုပါ အမျိုးသားကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ကျူးလွန်ခဲ့တာကို ဝန်ခံပြီး ဒူးထောက် ငိုယိုတောင်းပန်ခဲ့ပေမဲ့ အမျိုးသမီးက လက်မခံဘဲ ရဲအရာရှိတွေကို လေယာဉ်ပေါ်အထိ လာရောက်ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် သူမရဲ့ ဘောင်းဘီပေါ်မှာ သုတ်ရည်ဟု ယူဆရတဲ့ အကွက်တွေကို လေယာဉ်လိုင်း ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့တာကြောင့် ပိုမို ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ စွပ်စွဲခံထားရသူကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပြီး ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ရဲစခန်းတို့က စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။ အမျိုးသမီးကတော့ သူစိမ်းတွေနဲ့ ဘေးချင်းကပ် ထိုင်ရတဲ့အခါ ခရီးသည်တွေအနေနဲ့ သတိထားကြဖို့နဲ့ ယခုလို ဖြစ်ရပ်မျိုး မည်သူမျှ မကြုံတွေ့ရပါစေနဲ့ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတကာ ဆုတံဆိပ်အထိ အပိုင်သိမ်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ရဲရင့် နဲ့ VaNoRa
Next post ရေဘေးကယ်ဆယ်ရေးသွားသည့် ပရဟိတယာဉ် တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး အပါအဝင် ၆ ဦး ဒဏ်ရာရ