// | DailyBriefNews ရေဘေးကယ်ဆယ်ရေးသွားသည့် ပရဟိတယာဉ် တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး အပါအဝင် ၆ ဦး ဒဏ်ရာရ -

ရေဘေးကယ်ဆယ်ရေးသွားသည့် ပရဟိတယာဉ် တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး အပါအဝင် ၆ ဦး ဒဏ်ရာရ

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ငဝန်တာကျိုးပေါက်မှုကြောင့် ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ဆီ ရေဘေးကူညီကယ်ဆယ်ရေး လာရောက်တဲ့ ပရဟိတယာဉ်တစ်စီးဟာ ဩဂုတ် ၄ ရက် နံနက်ပိုင်းက တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါသူ ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ အိုင်သပြုရွာ ရေဘေးအတွက် သွားရောက်ထောက်ပံ့မယ့် ကံကုန်းကျေးရွာနေသူ ၁၆ ဦး လိုက်ပါလာတဲ့ ပုစဉ်းခေါင်းယာဉ်တစ်စီးဟာ ဟင်္သာတ-ပုသိမ်လမ်းကနေ ခွဲထွက်ပြီး နိဗ္ဗာန် – ခမောက်စု လမ်းမကြီးအတိုင်း မောင်းနှင်စဉ် ဆိတ်ချီးပင်ကျေးရွာနဲ့ အိုင်ဒိုရွာကြားမှာ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သက်တံ့ရောင် လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူ အမျိုးသမီး ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို သက်တန့်ရောင် ပရဟိတအသင်းနဲ့ ခမောက်စု လူမှုကူညီရေးအသင်းတို့ရဲ့ လူနာတင်ယာဉ် ၃ စီးနဲ့ ဟင်္သာတ ပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒူဘိုင်း-ဘန်ကောက် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပါကစ္စတန်အမျိုးသား ဖမ်းဆီးခံရ
Next post မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၄ ခုတွင် မြန်မာဒုက္ခသည်များ၏ ဇီဝအချက်အလက် ကောက်ယူရေး လုပ်ငန်းများ ကြန့်ကြာနေ