// | DailyBriefNews နိုင်ငံတကာ ဆုတံဆိပ်အထိ အပိုင်သိမ်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ရဲရင့် နဲ့ VaNoRa -

နိုင်ငံတကာ ဆုတံဆိပ်အထိ အပိုင်သိမ်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ရဲရင့် နဲ့ VaNoRa

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

Mr.Culture Yangon Winner ဆုရရှိခဲ့သူ ရဲရင့်ကတော့ ပြိုင်ပွဲမှာ Winner ဆု ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိကြောင်းနဲ့ အစ်ကိုဖြစ်သူ ပြောသလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် အကောင်းဆုံး ကြိုးစားသွားတာ အဆင်ပြေဆုံး ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ရှိပြီး ရှေ့ဆက်ပြုလုပ်မယ့် Grand Final အဆင့်တင်မကဘဲ International ပြိုင်ပွဲအထိ ရည်ရွယ်ပြီး အကောင်းဆုံး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ Miss Teen Culture Yangon Winner ဆုရှင် VaNoRa ကလည်း အားလုံးရဲ့ ဝန်းရံအားပေးမှုတွေနဲ့ ထိုက်တန်အောင် နှစ်ယောက်လုံး International အထိ ရောက်အောင် သွားကြမှာဖြစ်ပြီး Miss Culture Winner ဆုကိုပါ အပိုင်သိမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို နှုတ်ခွန်းဆက် စကားဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်ကျွမ်း၊ လိုက်ပါလာသူ ၅ ဦးစလုံး အသက်ဘေးမှ သီသီလေး လွတ်မြောက်
Next post ဒူဘိုင်း-ဘန်ကောက် လေယာဉ်ပေါ်တွင် ထိုင်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ပါကစ္စတန်အမျိုးသား ဖမ်းဆီးခံရ