// | DailyBriefNews အမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်ကျွမ်း၊ လိုက်ပါလာသူ ၅ ဦးစလုံး အသက်ဘေးမှ သီသီလေး လွတ်မြောက် -

အမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်ကျွမ်း၊ လိုက်ပါလာသူ ၅ ဦးစလုံး အသက်ဘေးမှ သီသီလေး လွတ်မြောက်

ဩဂုတ်လ ၅ ရက်၊ ၂၀၂၆

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဩဂုတ် ၄ ရက် နံနက်ပိုင်းက Alphard ယာဉ်တစ်စီး အင်ဂျင်ခန်းကနေ မီးစတင်လောင်ကျွမ်းပြီး တစ်စင်းလုံး ပျက်စီးသွားခဲ့ပေမဲ့ လိုက်ပါလာသူ အမျိုးသား ၅ ဦးစလုံး အန္တရာယ်ကင်းရှင်းခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရပါတယ်။ ဖြစ်စဉ်မှာ နံနက် ၆ နာရီခွဲအချိန်က မိုင်တိုင် ၁၄၃/၆ အနီး ရန်ကုန်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာစဉ် အချက်ပြမီး လင်းလာတာကြောင့် ကားကို ရပ်တန့်ပြီး ရှေ့စက်ဖုံး ဖွင့်ကြည့်ရာမှ အင်ဂျင်ခန်းကနေ မီးစတင် လောင်ကျွမ်းခဲ့တာပါ။

ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့သော်လည်း ကံကောင်းစွာဖြင့် ယာဉ်ပေါ်ပါလာသူ အားလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး။ အမြန်လမ်းအသုံးပြုသူ ယာဉ်မောင်းတွေအနေနဲ့ လမ်းပေါ်မရောက်မီ မိမိတို့ ယာဉ်ရဲ့ ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားပါတယ်။ ဒါ့အပြင် သတ်မှတ်အရှိန်နှုန်းတွေအတိုင်း အိမ်စီးကားများအနေနဲ့ တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် မပိုစေရေးနဲ့ ကုန်တင်ယာဉ်၊ ပစ်ကပ်ယာဉ်များအနေနဲ့ တစ်နာရီ ကီလိုမီတာ ၆၀ နှုန်းသာ အများဆုံး မောင်းနှင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၁,၅၀၀ ကျော်က အိန္ဒိယနိုင်ငံတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူခဲ့
Next post နိုင်ငံတကာ ဆုတံဆိပ်အထိ အပိုင်သိမ်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့ ရဲရင့် နဲ့ VaNoRa