// | DailyBriefNews ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည် -

ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်

ဇူလိုင် ၂၈၊ ၂၀၂၆

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ASEAN HYUNDAI CUP 2026 ပြိုင်ပွဲကို ယနေ့ (ဇူလိုင် ၂၈ ရက်) ညနေပိုင်းတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ New Clark City Athletics Stadium ၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

ပွဲစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် အန်ဒါဆင်က အဝေးကွင်းပွဲဖြစ်၍ ခက်ခဲမည်ဆိုသည်ကို သိရှိထားပြီး ပထမပွဲစဉ်အပြီး ခရီးအကြာကြီး လာခဲ့ရသော်လည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


မြန်မာအသင်းသည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မလေးရှားအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့ပါတယ်။

ပုံစာ-ယမန့်နေ ညနေပိုင်းက ပွဲကြိုသတင်းစာရှင်းလင်းပွဲအပြီး Official Training ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်
Next post သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၁၂၆ ခုက ဒေါ်လာ သန်း ၂၃၀၀ ကျော် မြှုပ်နှံထားကြောင်းနှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား