// | DailyBriefNews မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည် -

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

ဇူလိုင် ၂၈၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရပါတယ်။

အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်ပါတယ်။

ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို၏ ကြံ့ခိုင်မှု၊ ဇွဲလုံလနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

ထိုပြင် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်စဉ်အတွင်း စက်ဘီးစီးဦးထုပ် (Helmet) ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်မှတ်ပုံတင်ခြင်း၊ လမ်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အဆင့်အလိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်
Next post ASEAN HYUNDAI CUP 2026 ပြိုင်ပွဲတွင် ယနေ့ပွဲစဉ်အဖြစ် မြန်မာ-ဖိလစ်ပိုင် ယှဉ်ပြိုင်ကစားမည်