သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား


ဇူလိုင် ၁၇၊ ၂၀၂၆
သူနာပြုသိပ္ပံ (နေပြည်တော်) နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက်နံနက်ပိုင်းတွင် သူနာပြုသိပ္ပံ (နေပြည်တော်) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။


နိုင်ငံတော်သမ္မတက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်မြှင့်တင်ရေးအတွက် ပြည်သူလူထုအားလုံး လက်လှမ်းမီနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလောက်အောင်တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးဖို့လိုအပ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အတွက် လိုအပ်နေသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်မွေးထုတ်ပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်သင်ကြားပေးနေသည့် ဆေးတက္ကသိုလ် (၅) ခုနှင့် Naypyitaw State Academy မှာ ဆေးပညာမဟာဌာနကြီး (Faculty of Medicine) ကို ထည့်သွင်းဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
