// | DailyBriefNews ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ -

ဗီယက်နမ်နှင့် ခြေစမ်းပွဲမတိုင်မီ Thai Nguyen ကွင်းတွင် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်ပြင်ဆင်နေ

ဇူလိုင် ၁၇၊ ၂၀၂၆

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာ အိမ်ရှင်ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် နိုင်ငံတကာခြေစမ်းပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံရှိ Thai Nguyen Stadium တွင် အပြီးသတ်လေ့ကျင့်ပြင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

မြန်မာအသင်းသည် လေ့ကျင့်ရေးအစီအစဉ်အတွင်း နည်းဗျူဟာပိုင်း၊ အသင်းလိုက်ပူးပေါင်းကစားပုံနှင့် ကြံ့ခိုင်မှုပိုင်းများကိုအဓိကထားလေ့ကျင့်ခဲ့ပြီး ဗီယက်နမ်အသင်းနှင့် ရင်ဆိုင်မည့် ပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်နေကြောင်း သိရပါတယ်။

မြန်မာနှင့် ဗီယက်နမ်တို့၏ နိုင်ငံတကာခြေစမ်းပွဲကို ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၊ Thai Nguyen Stadium၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးရသူ သုံးပတ်ကျော်အကြာ၌ လူငါးထောင်နီးပါးအထိရှိလာ၊ ငလျင်ကြောင့် ပျောက်ဆုံးနေသူ လူ ၅၀,၀၀၀ ခန့်အထိ ရှိနေဆဲ
Next post သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား