// | DailyBriefNews ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးရသူ သုံးပတ်ကျော်အကြာ၌ လူငါးထောင်နီးပါးအထိရှိလာ၊ ငလျင်ကြောင့် ပျောက်ဆုံးနေသူ လူ ၅၀,၀၀၀ ခန့်အထိ ရှိနေဆဲ -

ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးရသူ သုံးပတ်ကျော်အကြာ၌ လူငါးထောင်နီးပါးအထိရှိလာ၊ ငလျင်ကြောင့် ပျောက်ဆုံးနေသူ လူ ၅၀,၀၀၀ ခန့်အထိ ရှိနေဆဲ

photo_2026-07-17_11-38-29

ဇူလိူင်လ ၁၇ ရက်၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်နှစ်ခု ဇွန်လ ၂၄ ရက်က ဆက်တိုက်ဆိုသလို လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်နေဆဲပင်ဖြစ်ရာ သုံးပတ်ကျော်အကြာ ဇူလိုင်လ ၁၆ ရက်တွင် ၄,၉၃၀ ဦးအထိ မြင့်တက်လာကြောင်း ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ဂ်ျ ရိုဒရီဂွက်ဇ်က ပြောကြားခဲ့ပါတယ်။

ရိုဒရီဂွက်ဇ်မှ ထုတ်ပြန်ခဲ့သော စာရင်းများအရ X တွင် ဖော်ပြခဲ့ရာ၌ အပျက်အစီးများကြားမှ လူ ၆,၄၆၂ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အဆောက်အအုံ ၈၅၆ လုံး ပျက်စီးခဲ့ရာတွင် ၁၉၀ လုံးမှာ လုံးဝပြိုကျခဲ့ကာ အများစုမှာ ငလျင်ဒဏ်ကို ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရသော လာဂွေရာပြည်နယ်တွင် ဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။

ငလျင်ကြောင့် လူ ၁၇,၉၀၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၁,၂၁၀ ဦးမှာ ယာယီစခန်း ၁၀၇ ခုတွင် နေထိုင်နေရသည်။ မိသားစု ၁၂၈,၀၀၀ ကျော်သည် အစိုးရ၏ အထောက်အပံ့များ ရယူနေကြရကြောင်း သိရပါတယ်။

ဇွန်လ ၂၄ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၂ မဂ္ဂနီကျူ့ နှင့် ၇ ဒသမ ၅ မဂ္ဂနီကျူ့ ရှိသည့် အဓိကငလျင်နှစ်ခု ၃၉ စက္ကန့်ခြား၍ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင် ၁,၃၀၈ ကြိမ် လှုပ်ခတ်ပြီးဖြစ်ကြောင်း အာဏာပိုင်များက မှတ်တမ်းတင်ထားပါတယ်။

အစိုးရသည် ယာယီစခန်းများတွင် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် လာဂွေရာရှိ ကျန်းမာရေးဝန်ထမ်း ၁,၂၀၀ ကျော်ကိုလည်း စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ဗင်နီဇွဲလားကျန်းမာရေးဝန်ကြီးဌာနက ပန်အမေရိက ကျန်းမာရေးအဖွဲ့အစည်းနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ကူးစက်ရောဂါစောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် သန့်ရှင်းရေး အစီအမံများ ဆောင်ရွက်လျက်ရှိသည်။

သို့သော် ကုလသမဂ္ဂက လူ ၅၀,၀၀၀ ခန့်အထိ ပျောက်ဆုံးနေဆဲဟု ခန့်မှန်းထားရာ အပျက်အစီးများ အောက်တွင် အများအပြား မြှုပ်နှံခံထားရနိုင်သည်ဟု ယူဆရပြီး ငလျင်ကြောင့်သေဆုံးသူဦးရေ ယခုထက်များစွာ မြင့်တက်လာမည်မှာ စိုးရိမ်ဖွယ်ဖြစ်နေရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ​ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လာမည့်ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ AI သင်တန်းအခွင့်အလမ်း ၅,၀၀၀ ပံ့ပိုးပေးမည်ဟု တရုတ်သမ္မတ ပြောကြား