ရတနာပုံအသင်း မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး သူရိန်ထွန်းကို ခေါ်ယူ

ဇူလိုင် ၁၇၊ ၂၀၂၆
ရတနာပုံအသင်းဟာ ပြည်တွင်းကစားသမားသစ် ၁၂ ဦးမြောက်အဖြစ် မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး သူရိန်ထွန်းကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး သူရိန်ထွန်းကို ခေါ် ယူလိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပေမဲ့ စာချုပ်သက်တမ်းကိုတော့ ဖော်ပြခြင်းမရှိခဲ့ကြောင်း သိရပါတယ်။
အသက် ၂၁ နှစ်သာရှိသေးတဲ့ မြန်မာ ယူ-၂၂ လက်ရွေးစင်တိုက်စစ်မှူး သူရိန်ထွန်းဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပေါ်တူဂီလိဂ်-၄ မှာ စတင်ခဲ့သူဖြစ်ကြောင်း သိရပါတယ်။

သူရိန်ထွန်းဟာ ပေါ်တူဂီကလပ်အသင်းတွေဖြစ်တဲ့ Louletano၊ Esperance de Lagos အသင်းများမှာ ကစားခဲ့သလို ပြီးခဲ့တဲ့ရာသီက ဟောင်ကောင်ကလပ် ကစ်ချီအသင်းမှာလည်း ရာသီဝက် သွားရောက်ကစားထားပါတယ်။
သူရိန်ထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီး ပါဝင်ကစားခဲ့ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် ပြည်တွင်းကစားသမားသစ်များအဖြစ် သက်ပိုင်ထွေး၊ သီဟထက်အောင်၊ ဆွမ်လမန်၊ မိုးဆွေ၊ သန်းတိုးအောင်၊ အောင်ကျော်အေး၊ ဟိန်းသက်ဖြိုး၊ ဈာနေယျသူ၊ ဇော်ထက်အောင်၊ ပြည့်ဖြိုးအောင် ခန့်မင်းသန့် နဲ့ သူရိန်ထွန်းတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။
