// | DailyBriefNews သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည် -

သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည်

ဇူလိုင် ၁၅၊ ၂၀၂၆

သုဝဏ္ဏအားကစားကွင်း၌ “World Cup 26 Fan Festival Myanmar” အမည်ဖြင့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည် ဖြစ်ပါတယ်။

ယင်းအစီအစဉ်ကို ဇူလိုင် ၁၄ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကာ Fan Festival အတွင်း ယမန်နေ့က စပိန်နှင့် ပြင်သစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။

ယနေ့၌ အင်္ဂလန်နှင့် အာဂျင်တီးနားတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပြသသွားမည်ဖြစ်ပြီး၊ ဇူလိုင် ၁၈ ရက်၌ တတိယနေရာလုပွဲ၊ ဇူလိုင် ၁၉ ရက်၌ ဗိုလ်လုပွဲကို ပြသမည် ဖြစ်ပါတယ်။

ပွဲအတွင်း အဆိုတော် ဖြိုးကြီး၊ နီနီခင်ဇော်၊ စန္ဒီမြင့်လွင်တို့အပြင် DJ နဲ့ အကအဖွဲများလည်း ဖျော်ဖြေမည်ဖြစ်ပြီး၊ VIP နှင့် Gold Zone အလိုက် လက်မှတ်များ ရောင်းချနေသလို အဖျော်ယမကာ အခမဲ့ပေးရန်စီစဉ်ထားကြောင်းလည်း ကြော်ငြာထားသည်ကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို တက်လှမ်း
Next post မြန်မာ့လက်ရွေးစင်အသင်း ဒီညနေ ဗီယက်နမ်ကို ထွက်ခွာမယ်