// | DailyBriefNews ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို တက်လှမ်း -

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်း သုံးပွဲဆက်နိုင်ပွဲရလဒ်နှင့်အတူ အဆင့်(၃) နေရာသို တက်လှမ်း

ဇူလိုင် ၁၅၊ ၂၀၂၆

Myanmar Women’s League 2026-27 ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယခုနှစ်ရာသီ အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်ကောင်းရရှိနေပြီး သုံးပွဲဆက် နိုင်ပွဲရရှိထားသည်ကိုတွေ့ရပါတယ်။

ယမန်နေ့ ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သော Myanmar Women’s League 2026-27 ပွဲစဉ် (၅) တွင် ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းက ရန်ကုန်စီးတီးအက်ဖ်စီအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အက်ဖ်စီအသင်းသည် ယနေ့နိုင်ပွဲနှင့်အတူ သုံးပွဲဆက်နိုင်ပွဲမှတ်တမ်းအား ရေးထိုးနိုင်ခဲ့ကာ အမှတ်ပေးဇယားအဆင့် (၃) နေရာသို့ ဇွဲကပင်ယူနိုက်တက်အက်ဖ်စီ-ရန်ကုန်ယူနိုက်တက်အက်ဖ်စီအသင်းတို ပွဲစဉ်မတိုင်မီ ယာယီတက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်စီးတီးအက်ဖ်စီအသင်းသည် ယမန်နေ့တွင် ပထမပိုင်း၌ ခံစစ်ပိုင်းစွမ်းဆောင်ရည် ကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အခွင့်အရေးများ ဆက်တိုက်ပေးခဲ့ရပြီးနောက် ရှုံးပွဲကြုံခဲ့ရခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပွဲတိုင်းမှာ ဂိုးသွင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ရတနာပုံ တိုက်စစ်မှူးသစ် တိုရေး ဆို
Next post သုဝဏ္ဏအားကစားကွင်း၌ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြသမည်