// | DailyBriefNews ပွဲတိုင်းမှာ ဂိုးသွင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ရတနာပုံ တိုက်စစ်မှူးသစ် တိုရေး ဆို -

ပွဲတိုင်းမှာ ဂိုးသွင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ရတနာပုံ တိုက်စစ်မှူးသစ် တိုရေး ဆို

ဇူလိုင် ၁၅၊ ၂၀၂၆

ရတနာပုံအသင်းက ခေါ်ယူထားတဲ့ ဂီနီနိုင်ငံသားတိုက်စစ်မှူး ဖန်ဂျီတိုရေးက ပွဲတိုင်းမှာ ဂိုးသွင်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တိုရေးက”ဒီအသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်ရပါတယ်။ ကျွန်တော့်အတွက်တော့ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး။ အင်္ဂလန် (ဝက်ဖိုဒ်) ကိုသွားခဲ့ရစဉ်အချိန်က အလွန်ခက်ခဲခဲ့ပါတယ်။ ဘာကြောင့်ဆိုတော့ အသက် (၁၈) နှစ်အရွယ်နဲ့ မိသားစုမပါ ဥရောပကို ခရီးထွက်ခဲ့ရလို့ပါ။ အတွေ့အကြုံလည်း မရှိတော့ အတော်ခက်ခဲခဲ့တာပါ။ အခုတော့ ကျွန်တော် ရတနာပုံအသင်းအပေါ်မှာပဲ အာရုံအပြည့်စိုက်ထားပါတယ်။

ရတနာပုံအသင်းကို ရွေးချယ်လိုက်တာ မှန်ကန်တယ်လို့ ထင်ပါတယ်။ ပထမဆုံးလေ့ကျင့်ရေးကွင်းမှာတင် အသင်းဖော်တွေရဲ့ နွေးထွေးမှုကို ရခဲ့ပါတယ်။ ဒီအသင်းက အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။ ရတနာပုံပရိသတ်တွေနဲ့ တွေ့ရဖို အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သူတို့အတွက် ကျွန်တော် အလုပ်အရမ်းကြိုးစားမှာပါ။ ပွဲတိုင်းမှာ ဂိုးသွင်းနိုင်အောင် ကြိုးစားမှာပါ။ ကျွန်တော်က ဂိုးသွင်းရတာကို ကြိုက်နှစ်သက်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ရတနာပုံအသင်းဟာ ဆယ်စုနှစ်တစ်ခုကြာ ပြည်ပကစားသမား မခေါ်ယူခဲ့ရာကနေ လာမယ့်ရာသီအတွက် ပထမဆုံးပြည်ပကစားသမားအဖြစ် ဂီနီတိုက်စစ်မှူးတိုရေးကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရှေ့တောင်အာရှ ဘော်လီဘောဖလားပြိုင်ပွဲ မြန်မာဝင်ရောက် ယှဥ်ပြိုင်မယ်