ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအား နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

နိုဝင်ဘာလ ၂၁ ရက်
မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်းနေခြင်းဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ထူထောင်ရန် အရေးကြီးတဲ့ မှတ်တိုင်တစ်ခုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယမန်နေ့က ကျင်းပတဲ့ (၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မိန့်ခွန်းပြောကြားချိန် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး တက်ရောက်ခဲ့ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပို့ဆောင်ရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။

