// | DailyBriefNews အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် မြို့နယ်များကို ကျင်းပနိုင်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည် -

အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် မြို့နယ်များကို ကျင်းပနိုင်သည့်အချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည်

နိုဝင်ဘာလ ၂၁ ရက်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ရွေးကောက်ပွဲကို အပိုင်းလိုက်တစ်ဆက်တည်းကျင်းပ ပြုလုပ်သွားမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်တဲ့ မြို့နယ်များကိုလည်း ကျင်းပနိုင်တဲ့အချိန်မှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

နိုဝင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၁ မှာ ကျင်းပပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အာရှယူ-၁၇ အမျိုးသားခြေစစ်ပွဲ ဝင်ကြေးအခမဲ့ စီစဉ်ထား
Next post ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအား နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား