// | DailyBriefNews မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ -

မြန်မာနိုင်ငံတော် ယာယီသမ္မတ ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ

ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီးစဥ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၉ ရက်နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့လေဆိပ်သို့ အထူးလေယာဥ်ဖြင့်ဆက်လက်ထွက်ခွာခဲ့သည်။

တရုတ်နိုင်ငံသို့ဆက်လက်ထွက်ခွာမည့် မြန်မာနိုင်ငံတော် ယာယီသမ္မတအား ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်၌ ကာဇက်စတန်နိုင်ငံမှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒု-နိုင်ငံခြားရေးဝန်ကြီး၊ ဒု-မြို့တော်ဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဒု-ညွှန်ကြား ရေးမှူးချုပ်တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံအခြေစိုက် ကာဇက်စတန်နိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့က ပို့  ဆောင်နှုတ်ဆက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၉-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post နိုင်ငံကျော်အဆိုတော်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေတင်ဆက်ကြမယ့် Star Legends Live ပွဲကို အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်